ဂန့်ဂေါမြို့သို့ အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန် ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံအတွက် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာများ၊ ဒေသခံပြည်သူများ၊ မြို့မိ၊ မြို့ဖများနှင့် စေတနာရှင်များစုပေါင်းလှူဒါန်းထားသည့် အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက စက်ရုံသို့ရောက်ရှိပြီ ဖြစ်သည်။