သတင်းများ

ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းဆောင်ရွက်
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့နယ်ရေစီးရေလာအဖွဲ့မှ ဆူးလေဘုရားလမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား) ရေမြောင်း ဖြတ်မြောင်းများ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မြို့နယ် သန့်ရှင်းရေးအဖွဲ့မှ ကမ်းနားလမ်းတစ်လျှောက် သဲ၊ ခဲ များ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၆၁ဦးအား ထိုးနှံပေးနိုင်
Sep 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၆၁ဦးအား ထိုးနှံပေး နိုင်မှုကို ဘန်ရူခန်းမနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့၌ နံနက်၉နာရီအချိန်က ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Sep 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန့်နေ့ ညနေ ၄ နာရီကမြို့ပေါ်ရပ်ကွက် စာရေးဝန်ထမ်းများကအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ပြန်လည်ကျန်းမားလာပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသူ၏ ရင်တွင်းစကားသံ
Sep 22,2021
 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူ ဒေါ်အိအိမြတ် ၏ ရင်တွင်းစကားသံကို ယခုလိုဖော်ပြပေးလိုက်ရပါသည်။
နောင်မွန်မြို့နယ်၌ တတိယအကြိမ်အဖြစ် ကျေးရွာပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကွင်းဆင်းထိုးနှံပေး
Sep 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လန်ဆာကျေးရွာအုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm )BIBPကို ယမန်နေ့ နေ့လည်(၁၂)နာရီက အဆိုပါကျေးရွာအုပ်စုရှိ ကျေးရွာခန်းမများတွင် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင်  ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက်  ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှု
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးပြီးသွားသူများအား ရင်းရင်းနှီးနှီး​ လိုက်လံအားပေးစကားများ ပြောကြားခဲ့ကြပါသည်။
သီပေါမြို့နယ်ပြည်သူ့ဆေးရုံအတွက်အောက်ဆီဂျင်အိုး(၉၇)လုံးသွားရောက်သယ်ယူခြင်းမှပြန်လည်ရောက်ရှိ
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက်လိုအပ်သောအောက်ဆီဂျင်များကို သီပေါလူငယ်ပရဟိတ အသင်းနှင့် နယ်စည်းမခြား ပရဟိတအသင်း တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈နာရီအချိန်က လားရှိုးမြို့နယ်ခါးရှီကျေးရွာရှိ အောက်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်အိုး (၉၇)အိုးသွားရောက်ဖြည့်တင်း သယ်ဆောင်ခဲ့ပြီး ယမန်နေ့မွန်းလွှဲပိုင်းက ပြန်လည် ရောက်ရှိ ခဲ့ကြောင်းသိရသည်။