နောင်မွန် စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လန်ဆာကျေးရွာအုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm )BIBPကို ယမန်နေ့ နေ့လည်(၁၂)နာရီက အဆိုပါကျေးရွာအုပ်စုရှိ ကျေးရွာခန်းမများတွင် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့နယ်မြေကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးယုံထန်ဖုန်ရမ်နှင့် ကျန်းမာရေးဆရာမများ လိုက်ပါ၍ လန်ဆာကျေးရွာ၊ ကော်လဲ့ကျေးရွာ၊ ချေကန်ကျေးရွာများရှိ ၆၅နှစ်အထက် အဘိုးအဘွား ငါးဦး၊ စေတနာ့ဝန်ထမ်း(၇)ဦး၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာ ဆရာမ(၃၈)ဦး၊ နိုင်ငံ့ဝန်ထမ်း လေးဦး၊ စေျးသည်နှစ်ဦး စုစုပေါင်း(၅၆)ဦးနှင့် ပန်နန်းဒင်မြို့နေ ပြည်သူ(၃၁)ဦးတို့ကို ထိုးနှံပေး နိုင်ခဲ့သည်။
နောင်မွန်မြို့နယ်တွင် တတိယအသုတ်အဖြစ် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြပ်မတ်ဆောင်ရွက်မှုဖြင့် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးငါးဦးထိုးရောဂါ ကာကွယ်ဆေးပုလင်း (၁၈၀)လုံးတွင် (၆၁၀)ဦးနှင့် တစ်ဦးထိုး ရောဂါကာကွယ်ဆေး ပုလင်းအလုံး(၁၀၀)တွင် (၅၀)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။