ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းဆောင်ရွက်

ကျောက်တံတား စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်း သာယာ လှပစေရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့နယ်ရေစီးရေလာအဖွဲ့မှ ဆူးလေဘုရားလမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား) ရေမြောင်း ဖြတ်မြောင်းများ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး မြို့နယ် သန့်ရှင်းရေးအဖွဲ့မှ ကမ်းနားလမ်းတစ်လျှောက် သဲ၊ ခဲ များ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသက်နောင်ဝင်းမှ ကြီးကြပ်ပြီး မြို့နယ်သန့်ရှင်းရေး၊ ရေစီးရေလာ ဌာနဝန်ထမ်းများမှ စုပေါင်းရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)