ကျောက်တံတားမြို့နယ်တွင် မိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး Mobile Market ဈေးကားများဖြင့် ရောင်းချ
Sep 22,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥများနှင့် အခြေခံစားသောက်ကုန်များကို မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကား များနှင့် အမှတ်(၆)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းကြားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။