ပန်းခင်းစီမံချက်ဖြင့် ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင်  ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက်  ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများမှ နိုင်ငံသားစီစစ်ရေး ကတ်ပြား(၉၁) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၈)ခုတို့အား ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း