ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှု

ပုသိမ် စက်တင်ဘာ ၂၂ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးပြီးသွားသူများအား ရင်းရင်းနှီးနှီး​ လိုက်လံအားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့်ပတ်သက်၍ လျာထားချက်များ ပြည့်မီစွာ ထိုးနှံနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များအတိုင်း ထိုးနှံကြပါရန်နှင့် ထိုးနှံပေးသွားမည့် အမည်စာရင်းများ ကြေညာထားရှိမှုများကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်