ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကျိုက်ဒုံ  စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန့်နေ့ ညနေ ၄ နာရီကမြို့ပေါ်ရပ်ကွက် စာရေးဝန်ထမ်းများကအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမှုများဆောင်ရွက်ရာတွင် ပြည်သူများ အနေဖြင့်မိမိနေအိမ်များတွင် သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံ ပရန်၊ နှာခေါင်းစည်းမတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်စသည့် အသိပညာပေးနှိုးဆော်ချက် များအား လိုက်လံနိုးဆော်ပေးခဲ့ကြောင်း သိရသည်။

သန်ထွန်းနိုင်(ပြန်/ဆက်)