သတင်းများ

ဘိုကလေးမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးကိစ္စရပ်များ စစ်ဆေး ဆောင်ရွက်နေ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့အဝင်အထွက် ဂိတ်များ ဖြစ်ကြသည့် နတ်ချောင်းဂိတ်နှင့် သာပေါင်းဂိတ်များတွင် မြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးနှင့် ရာဇဝတ်မှုကျူးလွန်သူများ ဝင်ရောက်ခိုလှုံမှုမရှိစေရေးတို့အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များပူးပေါင်းကာ လုံခြုံရေးကိစ္စရပ်များ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
အုတ်ဖိုမြို့နယ်တွင် ရောဂါကူးစက်မှုကို အမြန်ဆုံး ကုသထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အဝင်ဂိတ်တွင် စျေးသွားစျေးလာ ပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင်  ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအား ဆန်ရိက္ခာထောက်ပံ့
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်း၌ အမှတ်(၈)ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး လျက်ရှိ
Sep 22,2021
ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့မှစတင်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူ လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်
Sep 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယ​မန်နေ့ နေ့လယ်(၃)နာရီအချိန်က အမှတ်(၁၂)ရပ်ကွက် ဓမ္မရိပ်သာကျောင်း၌ ပြုလုပ်ပြီး နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့​ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စက်ရုံလုပ်သား ၃၃၀ ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 22,2021
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ CP ကြက်ဥချောင်း စက်ရုံတွင် ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ စက်ရုံအတွင်းရှိ အလုပ်သမား (၃၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၀၀ အား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၆၀၀ အား အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုးများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်ပြီး ကောလင်းမြို့နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများက ထိုးနှံပေးခဲ့သည်။