လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ပြန်လည်ကျန်းမားလာပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသူ၏ ရင်တွင်းစကားသံ

လောင်းလုံး စက်တင်ဘာ ၂၂

 

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူ ဒေါ်အိအိမြတ် ၏ ရင်တွင်းစကားသံကို ယခုလိုဖော်ပြပေးလိုက်ရပါသည်။

ဒေါ်အိအိမြတ်၊(က)ရပ်ကွက်၊လောင်းလုံးမြို့နယ်

"ကျွန်မကတော့ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိမြတ် ဖြစ်ပါတယ်။ ကိုဗစ် -၁၉ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ပါတယ်။ ကိုဗစ် ဖြစ်​​တော့ ပထမအနေဖြင့် အနံ့ စပျောက်တယ် ။ချက်ချင်းလောင်းလုံးပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး စစ်ဆေးတယ်။ Positive ထွက်ပါတယ်။ Stay Hone ​နေထိုင်ပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာ​​ဆောင်ရွက်ပြီး  ​ဆေးကုသမှုခံယူခဲ့ပါတယ်။ဒါပေမဲ့ ရောဂါ ဖြစ်နေတဲ့အချိန်မှာ အိပ်မပျော်ဖြစ်တယ်၊ဝမ်းပျက်တယ်၊အစာမစားချင်ဘူး ၊ပါးစပ်အရသာ မတွေ့ဘူး၊ မောပန်းတယ်၊ အသက်ရှူကြပ်တယ်။ ၁၄ ရက်​​မြောက်​နေ့မှာ  အနံ့ပြန်ရတယ်၊ အစာပြန် စားဝင်လာတယ်။ အောင်ဆီဂျင် ကျတာတော့မရှိပါဘူး။ နောက်ပိုင်း နည်းနည်း အဆင်ပြေလာတယ်။ ကိုဗစ်ကာကွယ်​ဆေး ထိုးထားတဲ့အတွက် ဆိုးဆိုးရွားရွားတော့ မရှိပါ ဘူး။၂၁ရက်ပြည့်ပြီးနောက်ပိုင်း ခေါင်းတစ်ခြမ်းကိုက်တယ်၊ ရင်တုန်တယ်၊ မောပန်းလွယ် တယ်။ဒါတွေက နောက်ဆက်တွဲ ဆိုးကျိုးလို့ ခံယူမိပါတယ်။အခုကတော့ အလုပ်ပြန်ပြန် ဆင်းနေပါပြီ။ ပုံမှန်လည်းပြန်ဖြစ်နေပါပြီ။"

 ကျွန်မအထင်တော့ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးထားလို့ ရောဂါမဆိုးဝါးတားလို့ ထင်ပါ တယ်။ ဒါကြောင့် အားလုံးကို ကာကွယ်ဆေးထိုးကြဖို့တိုက်တွန်းချင်​တယ်။မတော်လို့ ကိုဗစ် -၁၉ ရောဂါကူးစက်ခံရရင်လည်း မကြောက်ကြပါနဲ့စိတ်ဓာတ် ကြံ့ခိုင်ဖို့သာ အထူးလိုအပ်ပါ တယ်။ အိပ်ရေးဝအောင်အိပ်ပြီး အားရှိတဲ့ အစားစာတွေစားဖို့နှင့် ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာနေထိုင်ရင် ကိုဗစ်-၁၉ရောဂါကို ကြောက်စရာမလိုကြောင်း ကို ပြောချင်ပါတယ်ရှင့်။

လောင်းလုံး(ပြန်/ဆက်)