ဆွမ်ပရာဘွမ် စက်တင်ဘာ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၇၆၁ဦးအား ထိုးနှံပေး နိုင်မှုကို ဘန်ရူခန်းမနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့၌ နံနက်၉နာရီအချိန်က ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ပေါ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံမှုကို မြို့နယ်ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာ၌ ၄-၈-၂၀၂၁ရက်နေ့မှ ၁၃-၈-၂၀၂၁ ရက်နေ့အထိ ပထမအကြိမ်၊ ၂-၉-၂၀၂၁ရက်နေ့မှ ၁၆-၉-၂၀၂၁ရက်နေ့အထိ ဒုတိယ အကြိမ်အဖြစ် ထိုးပေးနိုင်ခဲ့ရာတွင် အသက် ၆၅နှစ်အထက်ကျား၊ မ၄၈ဦး၊ ဘာသာရေးအသင်းအဖွဲ့မှ ကျား၊ မ၂၅ဦး၊ နိုင်ငံ့ဝန်ထမ်းများကျား၊ မ၁၀၃ဦး၊ ကျန်းမာရေးဝန်ထမ်း၄ဦး၊ ပရဟိတအဖွဲ့ကျား၊ မ၆ဦး၊ စျေးရောင်း စျေးသည်များ ကျား၊ မ၁၀၄ဦး၊ တည်းခိုခန်း တည်းခိုသူ၄ဦး၊ အလုပ်ရုံဝန်ထမ်းများ ကျား၊ မ၂၇၄ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးကျား၊ မ၁၉၃ဦး စုစုပေါင်း၇၆၁ဦးတို့အား ထိုးပေးနိုင်ခဲ့ပြီး Mask များ တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ဆေးစေခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်အလေး ချိန်တိုင်းခြင်း၊ ဆေးထိုးနှံမည့်နေရာ စနစ်တကျသတ်မှတ်ထိုင်စေခြင်း၊ ဆေးထိုးပြီး နာရီဝက်ခန့် အနားယူစေခြင်းဖြင့် ပုံမှန်အနေအထားရောက်မှ ဆေးထိုးနှံသည့် နေရာဌာနများမှ သွားခွင့်ပြုခြင်း ဆေးထိုးနှံချိန်များတွင်လည်း မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများပါဝင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။