ကလေးဝမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ မိဘပြည်သူ များအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ၊ ကိုင်းကျေးရွာ၊ သက္ကယ်ကျင်း ကျေးရွာ၊ ချင်းချောင်းကျေးရွာတို့ရှိ ဓမ္မာရုံနှင့် စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။