သီပေါမြို့နယ်ပြည်သူ့ဆေးရုံအတွက်အောက်ဆီဂျင်အိုး(၉၇)လုံးသွားရောက်သယ်ယူခြင်းမှပြန်လည်ရောက်ရှိ

သီပေါ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက်လိုအပ်သောအောက်ဆီဂျင်များကို သီပေါလူငယ်ပရဟိတ အသင်းနှင့် နယ်စည်းမခြား ပရဟိတအသင်း တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈နာရီအချိန်က လားရှိုးမြို့နယ်ခါးရှီကျေးရွာရှိ အောက်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်အိုး (၉၇)အိုးသွားရောက်ဖြည့်တင်း သယ်ဆောင်ခဲ့ပြီး ယမန်နေ့မွန်းလွှဲပိုင်းက ပြန်လည် ရောက်ရှိ ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ် ပြည်သူ့ဆေးရုံတွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုး (၁၀၀)နှင့်(၁၁၀)အိုးအကြား အသုံးပြု နေရကြောင်း၊ သီပေါသီတဂူ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုး(၁၀)အိုး အသုံးပြုနေရကြောင်း၊ သီပေါမြို့နယ်အတွင်းတစ်ရက်လျှင်အောက်ဆီဂျင်အိုး(၁၀၀)အိုးနှင့် (၁၂၀)အိုးအကြား နေ့စဉ် အသုံးပြုနေရကြောင်း၊ တစ်နေ့တည်းတွင် အောက်ဆီဂျင်(၈)အိုးအသုံးပြုရသည့် လူနာ(၅)ဦး ခန့်ရှိကြောင်း၊ လိုအပ်သောအောက်ဆီဂျင်များကို ဘက်ပေါင်းစုံမှရရှိအောင် အဆိုပါပရဟိတ အသင်းများမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် သီပေါမြို့နယ်ပြည်သူ့‌ဆေးရုံတွင် လက်ရှိဆေးကုသမှု ခံယူနေသည့်ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁၀၃)ဦးရှိကြောင်း ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေး(မြို့နယ်ပြန်/ဆက်)