ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ R T T Kit ဖြင့် စစ်ဆေး
Jul 04,2021
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီ အချိန်က နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက်တွင် သီးသန့် Home Quaratine ထားရှိထားသော လောက်ကိုင်ပြန် မိသားစုဝင် (၇) ဦး ၊ မူဆယ်ပြန် (၁) ဦးနှင့် ငွန်ဆိုင်းကျေးရွာအုပ်စု လွယ်ခမ်းကျေးရွာမှ လားရှိုး ဆေးရုံဆင်းပြန်လာသော မိသားစုဝင် (၂) ဦး စုစုပေါင်း (၁၀) ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ ပူးပေါင်း၍ အသင်းခွဲယာဉ်ဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။