သတင်းများ

မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်
Sep 23,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ် ဒုတိယအသုတ် ထပ်မံထိုးနှံပေး
Sep 23,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ်ဒုတိယအသုတ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ကာ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်ခန်းမ၊ တည်တော(၁)၊ ကုက္ကိုခွ၊ ငမင်ကျေးရွာတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Sep 23,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုများပြီး ရောဂါကူးစက်ခံရမှု လျော့နည်းရန် ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ ထိုးနှံကာကွယ်နိုင်ရန်နှင့် ပြည်သူ့များ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိနားလည်ကာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော် ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့က ယမန်နေ့ ညနေ(၆)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Sep 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့်၍ ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ဝမ်ခုတ်ကျေးရွာအုပ်စု၊ တာဆော့ကျေးရွာတွင် မြန်မာနှင့်ရှမ်းတိုင်းရင်းသားဘာသာဖြင့်အသိပေးနှိုးဆော်ခဲ့သည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ တတိယနေ့ ဆက်လက်ထိုးနှံပေး
Sep 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများ (Sinopharm) ဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့် သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်၏ စုပေါင်းရုံးနှင့် မြို့တော် ခန်းမတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်းသာယာ လှပစေရေးအတွက် ဆောင်ရွက်
Sep 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း မြို့တော်သန့်ရှင်း သာယာလှပစေရေးအတွက် ယမန်နေ့နံနက်(၀‌၈:၀၀) နာရီအချိန်မှစတင်၍ မြို့နယ်ပန်းဥယျာဉ်အဖွဲ့မှ ဆူးလေဘုရားလမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား) နှင့် ကမ်းနားလမ်းတစ်လျောက် သစ်ပင်များအောက်ခြေ ရှင်းလင်းခြင်း၊ သစ်ပင်ပုံသွင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် သန့်ရှင်းသာယာလှပစေရေး အတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်
Sep 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် သန်ရှင်း သာယာလှပစေရေးနှင့် အမြင်တင့်တယ်စေရေးအတွက် (ည)ရပ်ကွက် သုနန္ဒာ လမ်းမကြီးဘေးဘက်ဝဲ၊ ယာလမ်းတစ်လျောက်ရှိ သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးအောင်မင်း ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် ပြည်သူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Sep 23,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများအား ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အထက (မတ္တရာ) အောင်ဆန်းခန်းမ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။