သထုံမြို့နယ်တွင် အမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သထုံ ဇူလိုင်  ၃

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာတွင် ယနေ့ နံနက်က ၂၀၂၁ ခုနှစ်၊ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပ ပြုလုပ်ခဲ့သည်။

 

စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးသန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့် ကလေးအသင်း၊ အမျိုးသမီးရေးရာအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများတို့က ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်း၊ သင်္ဃန်းနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း ၁၂၀၀ ကျော်တို့ကို သတ်မှတ်နေရာအသီးသီးတို့၌ စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြ‌ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)