သတင်းများ

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကျင်းပ
Sep 23,2021
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကိုယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
နတ်မောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Sep 23,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်ကစတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Sep 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာ၌ ဆိုလာအသေးစားလျှပ်စစ်ဓာတ်အားလိုင်းပေး(Mini-grid) စနစ်ဖြင့် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးအသုံးပြုနေ
Sep 23,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာ၌ ဆိုလာ အသေးစားဓာတ်အားလိုင်းပေး (Mini-Grid) စနစ်ဖြင့် အချိန်ပြည့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့ရာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP, Off-grid)ဖြင့် ငွေကျပ် (၁၂၃၄.၅)သန်းဖြင့် အကုန်အကျခံဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများရာနူန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
‌ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 23,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အသက်(၅၅)နှစ်နဲ့အထက် ပြည်သူများကို ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ် စုရပ်နေရာများတွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ပေါင်မြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 23,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ယနေ့ နံနက် ၉နာရီက ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စုရပ် (၁၀)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ကျန်းမာရေးနှင့် ပြည်နယ်ဆေးရုံကြီးဝန်ထမ်းများ၊ စစ်တွေမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့
Sep 23,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ကျန်းမာရေးနှင့် ပြည်နယ်ဆေးရုံကြီးဝန်ထမ်းများ၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကမမောင်းမြို့အနီးရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေး စကောကရင်၊ မြန်မာဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်
Sep 23,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများ ရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြစေရေးအတွက် မြန်မာဘာသာအပြင် စကောကရင် ဘာသာ​ဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နှင့်နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။