သတင်းများ

ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ထာခကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Jul 04,2021
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေ ဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင် ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ထာခကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ကော့သောင်းမြို့၌  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး မီးသတ်ဦးစီးဌာနမှ  မြို့ပေါ်ရပ်ကွက် ဈေးများအား ပိုးသတ်ဆေးဖြန်းလုပ်ငန်းများဆောင်ရွက်
Jul 04,2021
မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တွင် ယခု ပြန်လည်ဖြစ်ပေါ်ကူးစက်လျှက်ရှိသည့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ မြို့နေပြည်သူများသို့ ကူးစက်မှုမရှိစေရေးတို့အတွက်   ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများအတွင်း  ပိုးသတ် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jul 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၂)တွင် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့်က လျှပ်စစ်ဒယ်နီအိုး မီးပလပ်မဖြုတ်မိရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်ကိုဗစ်-၁၉အတည်ပြုလူနာသစ်(၈)ဦးထပ်မံတွေ့ရှိ
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်၁၉အတည်ပြုလူနာသစ်(၈)ဦးထပ်မံတွေ့ရှိကြောင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးမှသိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 04,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အား ကစားကွင်း၌ ကျင်းပခဲ့သည်။
ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ထားရှိဆောင်ရွက်
Jul 04,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊ အထွက် မြို့မဘောလုံးကွင်းအနီး၌ စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
အုတ်တွင်းမြို့နယ်၌ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေး
Jul 04,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Facility Quarantine ဆောင် နေရာအား သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Jul 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်၏ လိုအပ်ချက်အရ Facility Quarantine ဆောင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် မြို့နယ်ခန်းမအား ကြိုတင်ပြင်ဆင်ခြင်း နှင့် ၄ထပ်ဆောင် (Facility Quarantine ) အဆောက်အဦ မွမ်းမံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက် ခဲ့ကြသည်။