ရွှေကူ ဇူလိုင် ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လက်လီဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂) ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေကူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးမှ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များနှင့် လက်လီဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် အခြေခံကျသည့် သိရှိလိုက်နာဆောင်ရွက်ရန် အချက်များ၊ ဆိုင်ပိုင်ရှင်များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဆိုင်ထိုင်သွားရောက် စားသုံးသူများအနေဖြင့် လိုက်နာဆောင် ရွက်ရမည့်အချက်များ၊ လက်လီစျေးရောင်းချသူများအနေဖြင့် လိုက်နာရန်နှင့် ဆိုင်တွင်ပြင်ဆင်ထားရှိရန် အချက်များ၊ လက်လီဆိုင်များတွင်စျေးဝယ်သူများအနေဖြင့် လိုက်နာရန်အချက်များကို အများမြင်သာသော နေရာတွင်ကပ်ထားပေးရန် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဆိုင်ရှင်များနှင့် တာဝန်ရှိသူများ က သိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၁) ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ်စည်ပင်သာယာရေ းအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လက်လီဆိုင်များမှ ဆိုင်ပိုင်ရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)