Myint & Associates Offshore Supply Base Ltd မှ ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံသို့ အောက်ဆီဂျင်စက်(၂)လုံးနှင့် (COVID-19) ကာကွယ်ကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်း

ငရုတ်ကောင်း ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် Myint & Associates Offshore Supply Base Ltd မှ ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံသို့​​​ ငွေကျပ် (၁၉၈၃၅၀၀)တန်ဖိုးရှိ အောက်ဆီဂျင်စက်(၂)လုံးနှင့် (COVID-19) ကာကွယ်ကု သရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နေ့လယ် ၁နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် Myint & Associates Offshore Supply Base Ltd မှ တာဝန်ရှိသူများက ပေးအပ်ပြီး ငရုတ်ကောင်းမြို့ (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လက်ခံရယူပြီး ငရုတ်ကောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာ သန်းထွဋ်ဝင်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ငရုတ်ကောင်းမြို့ (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် တိုက်နယ်ဆရာဝန်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို အလှူ ရှင်ကုမ္ပဏီသို့ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ​ခဲ့​ကြောင်း သိရှိရသည်။