ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ကျောက်ကြီး  ဇူလိုင်  

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင် သွားလာခြင်းမရှိသည့်သူများကို ယမန်နေ့နံနက် ၈ နာရီအချိန်က စည်ပင်စျေးအတွင်းအပြင်နှင့်စျေးလမ်းဆုံ တို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကော်မတီဝင်များမှစည် ပင်သာယာစျေးအတွင်း၊ အပြင်ရှိစျေးရောင်းစျေးဝယ်များ၊ မြို့တွင်းသွားလာနေသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုဆပ်ပြာဖြင့် ဆေးကြောပြီးမှ စျေးအတွင်းဝင်ရောက်စေခြင်း၊ အသိပညာပေး Mask  Campaginများကို မကြာခဏ ဆောင်ရွက်ပေးခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံကြေငြာပေးခြင်း၊ အများပြည်သူမြင်သာသည့်နေရာများတွင် ကိုဗစ်−၁၉ရောဂါကူးစက်မှုကာကွယ်ရေးတွင် လိုက်နာရမည့်အချက်များကို ဗီနိုင်း၊ ပိုစတာများဖြင့်ကပ်ထား ပေးခြင်း စသည့်အသိ ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် နှာခေါင်းစည်း Mask များစနစ်တကျတပ်ဆင်သွားလာခြင်းမရှိသူများအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာစေ ရန်ဒဏ်ငွေဆောင်စေခြင်းဖြင့် ကိုဗစ်− ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

K ခိုင်(ပြန်/ဆက်)