သတင်းများ

ကလေးဝမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Sep 23,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများ အား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် ချင်းတွင်းမြစ်သာခန်းမ၊ မစိန်ကျေးရွာ၊ ကျော်ဇင်ကျေးရွာ၊ သစ်ချောက် ကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် ဓမ္မာရုံ တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 23,2021
ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြန်မာချီကျိဖောင်ဒေးရှင်း ပရဟိတအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံလူတန်းစား ပြည်သူများအား ဆန်နှင့် ဆီများ လှူဒါန်း
Sep 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် “မြန်မာချီကျိ ဖောင်ဒေးရှင်း ပရဟိတအသင်း” မှ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ကြားကာလ ၆ လ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးဆောင်ရွက်
Sep 23,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ၊ အဆင့်မြှင့် စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူးထံမှ သိရသည်။
ပြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေး
Sep 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁ နာရီက ပြည်မြို့နယ်၊ ပြည်သာယာရပ်ကွက်၊ အမှတ်(၉၅၉) စစ်မြေပြင်အင်ဂျင်နီယာတပ်(ပြည်) ဝန်ထမ်းမိသားစုဝင် (၂၃)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က (၃) မူလွန်ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအုပ်စုအလိုက် ဒေသခံပြည်သူ (၄၀၁၆)ဦးတို့အား တတိယအသုတ်၊ ပထမကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး
Sep 23,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူတို့အား တတိယအသုတ်၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ သတ်မှတ်နေရာ(၆)နေရာတို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ(၄)နာရီအထိ၊ ထိုးနှံပေး လျက်ရှိသည်။