ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ R T T Kit ဖြင့် စစ်ဆေး

နမ့်ဆန်      ဇူလိုင်   ၄

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နမ့်ဆန်မြို့နယ်တွင်  ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက်  (၁၀) နာရီ အချိန်က  နမ့်ဆန်မြို့နယ်  မန်ခိုက်ရပ်ကွက်တွင်  သီးသန့်  Home Quaratine  ထားရှိထားသော  လောက်ကိုင်ပြန်  မိသားစုဝင် (၇) ဦး ၊  မူဆယ်ပြန် (၁) ဦးနှင့်  ငွန်ဆိုင်းကျေးရွာအုပ်စု  လွယ်ခမ်းကျေးရွာမှ  လားရှိုးဆေးရုံဆင်းပြန်လာသော မိသားစုဝင် (၂) ဦး  စုစုပေါင်း (၁၀) ဦးတို့အား  မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ  ပူးပေါင်း၍  အသင်းခွဲယာဉ်ဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း  သိရသည်။

အဆိုပါ   Home Quaratine   ထားရှိထားသော  (၁၀) ဦးတို့အား ကိုဗစ်-၁၉   R T T Kit  ဖြင့်  စစ်ဆေးရာ  (၁၀) ဦးလုံး  ပိုးမတွေ့ (ပိုးမတွေ့)  ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  သိရှိရသည်။

နန်းဆိုင်လီခမ်း