ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်
Jul 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ဝင်များက ရေတာရှည်မြို့ရှိ ရန်ကုန်-မန္တလေးလမ်းပေါ်တွင် နှာခေါင်းစည်း (Mask) များအား အပြင်ထွက်လျှင် တပ်ဆင်သွားရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့သည်။