ရေတာရှည် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ဝင်များက ရေတာရှည်မြို့ရှိ ရန်ကုန်-မန္တလေးလမ်းပေါ်တွင် နှာခေါင်းစည်း (Mask) များအား အပြင်ထွက်လျှင် တပ်ဆင်သွားရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
ယခုအချိန်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာပြီး မိဘပြည်သူများ အသိ၊ သတိရှိစေရန်အတွက် မိဘပြည်သူတွေ အပြင်ထွက် တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေရန်အတွက် ရေတာရှည်မြို့ လူစည်ကားရာနေရာတွင် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်းမရှိပါက တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀ ကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်း (mask) ၅ ခု ပြန်ပေးပြီး ချက်ချင်းတပ်ဆင်စေခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှ သိရသည်။
အေးဆု