သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ် မြို့မဈေးအား တစ်ဝက်ဖွင့် တစ်ဝက်ပိတ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Jul 04,2021
ရှမ်ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နမ္မတူမြို့နယ် မြို့မဈေးအား ဇူလိုင်လ (၄)ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ တစ်ဝက်ဖွင့် တစ်ဝက်ပိတ် စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
မော်လမြိုင်မြို့၌ ၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 04,2021
မွန်ပြည်နယ်၊  မော်လမြိုင်မြို့၌ ၂၀၂၁ ခုနှစ်၊  မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် ၉ နာရီက   စမ်းကြီးရပ်ကွက်  လူငယ်သင်တန်းကျောင်း (မော်လမြိုင်) ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဖလား  အမျိူးသားပိုက်ကျော်ခြင်းနှင့် ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲ ကျင်းပ
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင်  ယနေ့ နံနက် ၁၁ နာရီ က ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်     အားကစားဖွံ့ဖြိုးတိုးတတ်ရေး  အစီအစဉ် (TSDP)အရ    မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့    ဥက္ကဋ္ဌ  ဖလား  ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။
ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ထာခကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Jul 04,2021
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေ ဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင် ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ထာခကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ကော့သောင်းမြို့၌  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး မီးသတ်ဦးစီးဌာနမှ  မြို့ပေါ်ရပ်ကွက် ဈေးများအား ပိုးသတ်ဆေးဖြန်းလုပ်ငန်းများဆောင်ရွက်
Jul 04,2021
မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တွင် ယခု ပြန်လည်ဖြစ်ပေါ်ကူးစက်လျှက်ရှိသည့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ မြို့နေပြည်သူများသို့ ကူးစက်မှုမရှိစေရေးတို့အတွက်   ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများအတွင်း  ပိုးသတ် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Jul 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၂)တွင် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့်က လျှပ်စစ်ဒယ်နီအိုး မီးပလပ်မဖြုတ်မိရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်ကိုဗစ်-၁၉အတည်ပြုလူနာသစ်(၈)ဦးထပ်မံတွေ့ရှိ
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်၁၉အတည်ပြုလူနာသစ်(၈)ဦးထပ်မံတွေ့ရှိကြောင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးမှသိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 04,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အား ကစားကွင်း၌ ကျင်းပခဲ့သည်။