ကျောက်ဖြူ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(အသစ်)ရှေ့ မြေနေရာတွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်သစ်တော်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း(၂)က ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်ထံ ပျိုးပင်များပေးအပ်ခဲ့သည်။ “ကျွန်တော်တို့ မိုးရာသီ သစ်ပင် စိုက်ပွဲတော်ကို ဇွန်လနှင့်မေလတွေမှာ စိုက်ပျိုးရခြင်းမှာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် နှစ်စဉ်စိုက်ပျိုးပေးလျက်ရှိပါ တယ်"ဟု မြို့နယ်သစ်တောဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးလင်းရာဇာက ပြောသည်။ ၎င်းသစ်ပင် စိုက်ပျိုးပွဲတွင် မန်ဂျန်ရှား(၁၀၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ သင်္ကန်းနက်(၅၀)၊ ပင်လယ်ပင်(၂၀)ပင်၊ ငုရွှေဝါ(၁၅)ပင်၊ မယ်ဇလီ(၁၅)ပင် စသည့် အရိပ် ရပင် စုစုပေါင်း အပင်(၃၀၀)ကို စုပေါင်းစိုက်ပျိုး ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး