မအူပင် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀နာရီအချိန်က စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့် သိကောင်းစရာအသိပညာပေး (Talk Show)ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show)ဆောင်ရွက်မှုနှင့်ပတ်သက်၍ မအူပင်ခရိုင်ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က ခရိုင်စာသုံးသူရေးရာ ဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူများ၊ စားသုံးသူများ အကာအကွယ်ပေးရေး လုပ်ငန်းဆိုင်ရာ အသိပညာပေးနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ဆက်လက်၍ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က ပြည်သူများအတွက် စားသုံးသူရေးရာနှင့် ပတ်သက်၍ ဥပဒေအရ အကာအကွယ်ပေးမှု၊ မြေပြင်တွင်လှုပ်ရှားဆောင်ရွက်နေမှုများ၊ ပြည်သူအများအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည့် အခြေအနေများ အားပြည်သူများသိရှိစေရန် (Talk Show)အစီအစဉ်မှတစ်ဆင့် အသိပညာပေးပြောကြားရခြင်းဖြစ်ကြောင်းသိရှိရသည်။
အောင်ခိုင်