ပန်းတနော် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ပန်းတနော်မြို့ပေါ်၌ ယခုအခါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူများမှာ ၁၁ ဦး အထိရှိလာပြီး ဖြစ်ကြောင်း၊ ပိုးတွေ့သူများအား ထားရှိရန် Quarantine Center အတွက် မြို့နယ် အားကစားခန်းမတွင် ကုတင် ၃၂ လုံး၊ အိမ်သာ ၂ လုံးတွဲ ၂ ခု ဆောင်ရွက်ထားကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပြည်သူများ လှူဒါန်းငွေ စုစုပေါင်း ၆၆ သိန်း ၅ ထောင် လက်ခံရရှိထားကြောင်း၊ လက်ရှိတွင် စေတနာဝန်ထမ်း ၉၇ ဦးနှင့် ဖွဲ့စည်းထားကြောင်း လိုအပ်ပါက ကိုဗစ်-၁၉ စစ်ဆေးရန်ဂိတ်များ ထားရှိရမှာ ဖြစ်ကြောင်း၊ မြို့အဝင်ဂိတ်တွင် ကိုဗစ်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ပိုးတွေ့လူနာများနှင့် ထိစပ်ခဲ့သည့်သူများ၏ စာရင်းများအား ရယူထားရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည့် အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားအား ပြည်သူများသို့ နေ့စဉ်အသိပေး ကြေငြာဆောင်ရွက်သွားမည့် အခြေအနေများအား ပြန်လည်ဆွေးနွေး ပြောကြား ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)