ပခုက္ကူမြို့၌ နွေစပါးမျိုးစေ့ထုတ်စံကွက်တောင်သူများအား သွင်းအားစုမြေဩဇာနှင့် လုပ်အားခငွေ ထောက်ပံ့ပေးအပ်

ပခုက္ကူ ဇူလိုင်၂ 

စိုက်ပျိုးရေးဦးစီးဌာနနှင့် Strengthening Agricultural Extension in Myanmar (SAEM) Project တို့ ပူးပေါင်းဆောင်ရွက်သည့် နွေစပါးမျိုးစေ့ထုတ် စံပြကွက်တောင်သူများအား သွင်းအားစုမြေဩဇာနှင့် လုပ်အားခ ငွေထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီက ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က SAEM Project ဖြင့်ပူးပေါင်း ဆောင်ရွက် ခဲ့သည့်‌ တောင်သူများအား နွေစပါး တစ်ဧက မျိုးစေ့ဖိုး ၁၃၅၀၀ကျပ်၊ သွင်းအားစုမြေဩဇာဖိုး ၄၅၀၀၀ကျပ်၊ စိုက်စရိတ် ၂၁၅၀၀ ကျပ်နှင့် ပြာတီးသန့်စင်ခ ၁၀၀၀၀ ကျပ် စုစုပေါင်း တစ်ဧက ကျပ် ၉၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တောင်သူ ၂၆ ဦးထံသို့ နွေစပါးမျိုးစေ့ထုတ်စံပြကွက် ၃၅ ဧကအတွက် မျိုးစေ့ဖိုး၊ သွင်းအားစု မြေဩဇာ၊ စိုက်စရိတ်နှင့်ပြာတီးသန့်စင်ခများကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဇော်(အဝေးသင်)