မြစိမ်းရောင်( အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကျပ် သိန်း(၃၀၀ )ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ   ဇူလိုင် ၂

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မြစိမ်းရောင်  (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကျပ် သိန်း(၃၀၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး  ဒေါက်တာကျော်ဝင်း က အမှာစကားပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်း က မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုလိုသူ ကျေးလက်နေပြည်သူများအတွက် တစ်ပိုင်တစ်နိုင်မှသည် တစ်ရွာထုတ်ကုန် တစ်မျိုးအဆင့်အထိ ထုတ်လုပ်သွားနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးတက်၍ စားနပ်ရိက္ခာဖူလုံ စေရန်အတွက် ကျေးလက်ရန်ပုံငွေထူထောင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားကာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကို ပုဇွန်ဆိပ်အုပ်စု၊ ပုဇွန်ဆိပ်ကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီသို့ ရန်ပုံငွေ သိန်း (၃၀၀)ကို ပေးအပ်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးရန်ပုံငွေ သိန်း(၃၀၀)ကို တစ်ဦးလျှင် နွားမ တစ်ကောင် ငါးသိန်းနှုန်းခန့်ဖြင့် ကျေးလက်နေပြည်သူ (၆၀)ဦးအတွက် မတည်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)