ဝါးခယ်မမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက်

ဝါးခယ်မ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂ လသားမှ ၁ နှစ်ခွဲထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာ‌ရေး ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန် မှတ်တမ်းရယူခြင်း ဆုံဆို့နာ‌ရောဂါ၊ ကြက်ညှာ‌ချောင်းဆိုးရောဂါ၊ မေးခိုင်‌ရောဂါ၊ အသည်းရောင်အသားဝါ(B)ပိုး၊  ဦးနှောက်အမြှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးပေးခြင်းတို့ကို လစဉ် ဝါးခယ်မမြို့နယ် ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)