သတင်းများ

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၃၆)ဦး ရှိပြီးတစ်ဦးသေဆုံး
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၃၆)ဦး ရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်
Jul 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့သည်။
မလှိုင်မြို့လူစည်ကားရာ နေရာများတွင်  Mask Campain ဆောင်ရွက်
Jul 04,2021
 မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်  အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာတင်ဇော်ဝင်း၊ ဦးဇေယျာအောင်၊ အတွင်းရေးမှူး ယာယီရဲမှူး ထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း(၈၇) ဦးတို့က ယနေ့နံနက်၇နာရီအချိန်တွင် မလှိုင်မြို့ လူစည်ကားရာ နေရာများတွင်  Mask Campain ပြုလုပ်ခဲ့ကြောင်းသိရသည် ။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အောင်မြင်သာစံပြကျေးရွာ အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင်ဆောက်လုပ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေး
Jul 04,2021
ကချင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင် ဆောက်လုပ်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး (၁)ဦးထပ်မံတွေ့ရှိ
Jul 04,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အနံ့မရသဖြင့် ယနေ့ နံနက် ၉နာရီခွဲက ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသပြီး ထိတွေ့ဆက်စပ် သူတစ်ဦးကိုပါ (RDT)ဖြင့် ဆေးစစ်မှုခံယူရာ အနံ့မရသူ အမျိုးသမီးတစ်ဦးတွင်သာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံ၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုလုပ်
Jul 04,2021
ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်အတွင်းရှိ နန်ကသူဆည်‌ ရေလှောင်တမံ၌ ယနေ့ နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတစ်ဦး ထပ်မံ‌တွေ့ရှိ
Jul 04,2021
ပဲခူးတိုင်း​ဒေသ​ကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အုပ်ပုံကျေးရွာနေ အမျိုးသားတစ်ဦးသည် ယမန်နေ့က ဖျားပြီးအနံ့မရရှိသဖြင့် မြို့နယ်ဆေးရုံသို့ အကြောင်းကြားပြီး သွား‌ရောက်ပြသခဲ့ရာ မြို့နယ်အားကစားခန်းမရှိ Quarantine Centre တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ (နှာခေါင်းတို့ပတ်)(RDT)ဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရကြောင်း သိရှိရသည်။