ဟိုပုံး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၂)တွင် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့်က လျှပ်စစ်ဒယ်နီအိုး မီးပလပ်မဖြုတ်မိရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဟိုပုံးမြို့မရဲစခန်းမှ ဒုရဲအုပ်စည်သူအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လှိုင်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းသန်းဦး၊ ရပ်မိရပ်ဖ ဦးအောင်ဇော်နှင့် ရပ်ကွက်နေပြည်သူများက မီးသတ်ယာ(၃)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ(၃)နာရီအချိန်ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသဖြင့် နေအိမ်မီးလောင်ကျွမ်းစေခဲ့သူအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)