ဟင်္သာတမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဖလား  အမျိူးသားပိုက်ကျော်ခြင်းနှင့် ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲ ကျင်းပ

ဟင်္သာတ    ဇူလိုင်   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင်  ယနေ့ နံနက် ၁၁ နာရီ က ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်     အားကစားဖွံ့ဖြိုးတိုးတတ်ရေး  အစီအစဉ် (TSDP)အရ    မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့    ဥက္ကဋ္ဌ  ဖလား  ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။

 ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ဆုရရှိကြသော အားကစားအသင်း များကို  ဆုများချီးမြှင့်ရာ ပထမဆုရရှိသော (ရနံ့သစ်)အသင်းအား  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ကျော်စွာထွန်းမှ  ဆုဖလားနှင့် ငွေသားဆုအား လည်ကောင်း၊ ဒုတိယဆုရ (ငွေမိုး)အသင်းနှင့်၊ တတိယဆုရ (တက်သစ်စ)အသင်းများကို တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။

 ဆက်လက်ပြီး ပိုက်ကျော်ခြင်း  ပြိုင်ပွဲတွင် ပထမ ဆုရရှိသော အထက(ခွဲ)  ကင်မွန်းချောင်း မြောက်အသင်းအား မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့်မှ ဆုဖလားနှင့် ငွေသားဆုအား လည်းကောင်း၊ ဒုတိယဆုရရှိသော အထက (၆)အသင်း၊ တတိယဆုရရှိသော အထက (နတ်မော်)အသင်းတို့ကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အားကစား ဆပ်ကော်မတီအဖွဲ့ဝင်များ၊ နည်းပြများ၊ ဒိုင်လူကြီးများ အားကစား သမားများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုဇော် (ပြန်/ဆက်)