ဝမ်းတွင်း ဇူလှိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်၁၉အတည်ပြုလူနာသစ်(၈)ဦးထပ်မံတွေ့ရှိကြောင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးမှသိရသည်။
အဆိုပါပိုးတွေသူများအနေဖြင့်ရွှေတောင်ကျေးရွာမှ အသက်(၃၆)နှစ်ရှိအမျိုးသားတစ်ဦး၊ ဝမ်း တွင်း(၂)ရပ်ကွကမှအသက်(၆၁)နှစ်အရွယ်ရှိအမျိုးသားတစ်ဦး၊ ဇီးဖြူခြံကျေးရွာမှအသက်(၃၀)နှစ် အရွယ်ရှိအမျိုးသားတစ်ဦးနှင့် အသက်(၃၃)နှစ်အရွယ်ရှိအမျိုးသားတစ်ဦး၊ ဝမ်းတွင်း(၃)ရပ်ကွက်မှ အသက်(၂၈)နှစ် အရွယ်အမျိုသားတစ်ဦး၊ တောင်ဇချမ်းကုန်းကျေးရွာမှအသက်(၂၇)နှစ်အရွယ်ရှိအမျိုးသ မီးတစ်ဦး၊မိတ္ထီလာမြို့အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး၊ဝမ်းတွင်း(၂)ရပ်ကွက်မှအသက် (၂၅)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး၊ စုစုပေါင်းပိုးတွေ့လူနာ(၈)ရှိကြောင်းနှင့်ပိုးတွေ့လူနာများအားမြို့နယ်ပြည်သူ့ဆေးရုံရှိCovid19ရောဂါကုသဆောင်တွင် ဆေးကုသမှုများခံယူရန်ဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့်ဆက်စပ်ထိတွေ့မှု ရှိခဲ့သူများကို စုံစမ်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစပ်ခံရသူ(၂၅)ဦးရှိခဲ့ရာ(၃)ဦးမှာရောဂါသက် သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီးလက်ရှိအချိန်တွင်မြို့နယ်ပြည်သူ့ဆေးရုံကိုဗစ်-၁၉ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူအမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၁၂)ဦးစုစုပေါင်း(၂၂)ဦးရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)