နမ္မတူ ဇူလိုင် ၄
ရှမ်ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နမ္မတူမြို့နယ် မြို့မဈေးအား ဇူလိုင်လ (၄)ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ တစ်ဝက်ဖွင့် တစ်ဝက်ပိတ် စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ထိုသို့ရောင်းချခွင့်ပြုဆောင်ရွက်ရာမှာ နမ္မတူမြို့နယ် မြို့မဈေးအား (အပေါ်ဈေး၊ အောက်ဈေး) နှစ်ပိုင်းခွဲ၍ ဈေးဝင်ပေါက်တံခါးခြောက်ပေါက်တွင် အလယ်ဝင်ပေါက်တံခါးနှစ်ပေါက်သာဖွင့်လှစ်ပေးပြီး တစ်ဝက်ဖွင့် တစ်ဝက်ပိတ် စနစ်ဖြင့် ရောင်းချစေကာ ဒေသခံပြည်သူ ဈေးရောင်းသူ/ဝယ်သူတို့အား ဈေးအတွင်းသို့ မဝင်မီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါစပ်နှင့်နှားခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးရောင်းသူများနေဖြင့် ကျန်းမာရေးတစ်စုံတစ်ရာထူးခြားမှု ရှိပါက ဈေးအတွင်းသို့ လာရောက်ရောင်းချခြင်း မပြုဘဲ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(သို့မဟုတ်)ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)