ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက် ကိုဗစ်-၁၉ သံသယရှိသူ ၅ ဦး စစ်ဆေးရာ အတည်ပြုလူနာ ၃ ဦး ရောဂါပိုးတွေ့ရှိ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဇူလိုင် ၃ ရက်နေ့တွင် အနံ့ ပျောက် ကိုဗစ်-၁၉ သံသယရှိသူ ၅ ဦး ရောက်ရှိလာ ၍ RDT(Test Kit) ဖြင့် စစ်ဆေးရာ ကိုဗစ်အတည်ပြု လူနာ (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး ဦးဖုန်းမင်းသူ၊ ဦးရှိုင်းပိုင်ခန့်နှင့် ဦးစောထူးတို့တွင် ကိုဗစ်-၁၉ တွေ့ရှိခဲ့ပြီး ဦးဖုန်းမင်းသူနှင့် ထိတွေ့ခဲ့သည် (Contact) ၈ ဦး၊ ဦးရှိုင်းပိုင်ခန့်နှင့် ထိတွေ့သည့် (Contact) ၇ ဦး၊ ဦးစောထူးနှင့်ထိတွေ့သူ (Contact) ၄ ဦး စုစုပေါင်း ၁၉ ဦးအား ဝေါမြို့ရွှေဘုန်းပွင် ဓမ္မရိပ်သာ Quarantine တွင် ထားရှိဆောင်ရွက်ခဲ့သည်။