ဟိုင်းကြီးကျွန်းမြို့တွင် MASK CAMPAIGN ဆောင်ရွက်
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး MASK CAMPAIGN ပြုလုပ်ခြင်းကို အမှတ် (၁)၊ (၂) ၊ (၃) ရပ်ကွက်များ၌ လူစည်ကားရာ နေရာများတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။