သတင်းများ

သာစည်မြို့နယ်ပြည်သူ့ဆေးရုံသို့ အောင်သုခရွှေဆိုင်မိသားစုက Oxygen Concentrator ၈ လုံး လာရောက် လှူဒါန်း
Aug 22,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြည်သူ့ဆေးရုံတွင်အသုံးပြုနိုင်ရန် သာစည်မြို့ အမှတ်(၅)ရပ်ကွက်နေ ဒေါ်ခင်မိမိ အောင်သုခရွှေဆိုင်မိသားစုက Oxygen Concentrator ၈ လုံးကို ယမန်နေ့က လာရောက်လှူဒါန်းကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဟုမ္မလင်းမြို့၌ ရေကြီးရေလျှံမှု သတိပေးနှိုးဆော်
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့၌စိုးရင်အမှတ်သို့ ရောက်ရှိနိုင်ကြောင်းသိရသည်။
တနိုင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား ဒုတိယအကြိမ် အစားအသောက်များ သွားရောက်ထောက်ပံ့
Aug 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဩဂုတ်လ တတိယအပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့်လူနေအိမ်များအတွင်း ရေများဝင်‌‌ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ဩဂုတ်လ(၂၁)ရက်နေ့လယ်(၁၁)နာရီတွင်ဒုတိယအကြိမ်အစားအသောက်များသွားရောက်ထောက်ပံ့ခဲ့သည်။
လေရှီးမြို့၌ တတိယအသုတ်(ပထမ အကြိမ်) ကိုဗစ်-၁၉ကာကွယ်ဆေးထိုနှံပေးလျက်ရှိ
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန ရိပ်သာ(၂)ခန်းမ တွင် တတိယအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး
Aug 22,2021
ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတ၀န်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် စီးပွားရေး၀န်ကြီး ဦးမျိုးဆွေနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ တံတားအမှတ် (၂/၄၈၆) ဗလမင်းထင်တံတားအမှတ်(၂) တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထားဝယ်မြို့တွင်အသွားအလာကန့်ခြင်းများ ဆောင်ရွက်လျက်ရှိ
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားလျော့ကျစေရန် ရည်ရွယ်၍ ထားဝယ်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ က အသွားအလာကန့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံများအတွက် လိုအပ်သော 40 L Oxygen အိုးများ ရောက်ရှိ
Aug 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများအတွက် အောက်ဆီဂျင်လုံလောက်မှုရှိစေရန် အောက်ဆီဂျင်စက်ရုံများကို အများ ပြည်သူထည့်ဝင်လှူဒါန်းမှုဖြင့် ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့တွင် တည်ဆောက်သွားရန် စီစဉ်ထားရှိကြောင်းသိရသည်။
မြိတ်မြို့နယ်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်း စတင်ဆောင်ရွက်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှုလျော့ကျစေရေး ရည်ရွယ်ချက်ဖြင့် ဩဂုတ်လ(၂၁)ရက်မှစတင်၍ မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းကို စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။