သတင်းများ

ချောင်းသာမြို့အတွင်းရှိ သံဃာတော်အပါး(၁၀၀)ကျော်အတွက် ဆန်၊ဆီ၊ပဲ၊ကြက်သွန် ကျပ်သိန်း (၅၀) ကျော်ဖိုးလှူဒါန်း
Aug 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ သံဃာ​တော် အပါး(၁၀၀)ကျော်အတွက် ဆန်၊ ဆီ၊ပဲ၊ ကြက်သွန် စသည့် ကျပ်သိန်း (၅၀)ကျော်ဖိုး လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချောင်းသာကမ်းခြေ ဒေါနတောင် တောရကျောင်းတိုက် သုံးထပ်ဆောင် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ရေစီးရေလာကောင်းမွန်ရေး ကျောက်စီ ရေမြောင်းတူးဖော်
Aug 21,2021
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ် ၄၆ ဒသမ ၃၈၀ သန်းဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာချီလိတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ ရုံးမြေထိန်းနံရံ တည်ဆောက်ရေးအတွက် ထိုင်းဘတ်ငွေ နှစ်သောင်းထောက်ပံ့
Aug 21,2021
ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အရန်မီးသတ်တပ်ဖွဲ့ရုံး မြေထိန်းနံရံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များက ထိုင်းဘတ် ငွေ နှစ်သောင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(mask) Campaign ဆောင်ရွက်ခြင်းနှင့်အသိပညာပေးနှိုးဆော်ခြင်း
Aug 21,2021
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ရောဂါပျံ့နှံမှု မရှိစေရန်နှင့် ရောဂါကူးစက်မှုအား လျော့ချနိုင်စေရန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့ပေါ် ရပ်ကွက်စျေးများ၊လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယနေ့နံနက်၉နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများ တက်ရောက်
Aug 21,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် သြဂုတ်(၂၁)ရက်၊ နံနက်ပိုင်းတွင် ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ အသက် (၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု့စစ်ဆေးပြီးကာကွယ် ဆေးထိုးနှံ နေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
တာချီလိတ်မြို့ ဂေါက်ကွင်းလမ်းပိုင်းအား ပြင်ဆင်မှုများပြုလုပ်
Aug 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း(ခ)ရပ်ကွက်​ဂေါက်ကွင်းလမ်း ပျက်စီး နေမှုကို စည်ပင်သာယာရေးဌာနမှယ​နေ့နံနက်ပိုင်းက ပြင်ဆင်​မှုများပြုလုပ် ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်လျက်ရှိ
Aug 21,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီတို့ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။