လေရှီး သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန ရိပ်သာ(၂)ခန်းမ တွင် တတိယအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးကို ဦးစားပေးအုပ်စု (၁၂)ခုတွင်ပါဝင်သည့် အသက် ၆၅ နှစ် အထက်၊အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ volunteer/ပရဟိတ၊ ဘိုးဘွားရိပ်သာ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေးကျောင်း၊ နိုင်ငံဝန်ထမ်း၊ဟိုတယ်/ မိုတယ်/တည်ခိုခန်း များ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း၊ စျေးဆိုင်များအား ဦးစားပေးထိုးနှံပေးသွားမည် ဖြစ်ပြီး၄င်းကာကွယ်ဆေးကို သြဂုတ် (၂၁ )ရက်နေ့မှ(၂၃) ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂နာရီအထိ လည်းကောင်း၊ မွန်းလွဲ၂ နာရီမှ ညနေ ၄ နာရီ အချိန်အထိလည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆိုင်းသား