တနိုင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား ဒုတိယအကြိမ် အစားအသောက်များ သွားရောက်ထောက်ပံ့

တနိုင်း ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ဩဂုတ်လ တတိယအပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့်လူနေအိမ်များအတွင်း ရေများဝင်‌‌ရောက်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ဩဂုတ်လ(၂၁)ရက်နေ့လယ်(၁၁)နာရီတွင်ဒုတိယအကြိမ်အစားအသောက်များသွားရောက်ထောက်ပံ့ခဲ့သည်။

အဆိုပါသွားရောက်ထောက်ပံ့မှုတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှအရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများမှ စက်လှေများဖြင့် အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် ပုန်ခုန်းရပ်ကွက်၊ ပီနန်ခအပိုင်း၊ ဆင်မ်ဆာ့ရပ်ကွက် ရခိုင်ကုန်းနှင့်ကျွဲကူးကုန်းရပ်ကွက်တို့တွင် ရေဝင်ရောက်သည့်   ရေဘေးသင့် အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၂၅၆)ဦးအားထမင်းဗူး(၃၀၀)၊ ရေသန့်ဗူး‌‌သေး(၄၀၀)နှင့်  ယံယံခေါက်ဆွဲခြောက်(၃၀၀)ထုပ်တို့အား ဒုတိယအကြိမ်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)