သတင်းများ

လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် မြက်ဖြတ်စက် ပေးအပ်
Aug 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းဝေးခန်းမ၌ ယနေ့နံနက်၁၀နာရီ အချိန်က မြက်ရိတ်စက်ထောက်ပံ့ ပေးအပ် ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရေး နှင့် Positive Centre ပြင်ဆင်ရေး ညှိနှိုင်းဆောင်ရွက်
Aug 22,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းသည် ယမန်နေ့မွန်းလွဲ ၁၂ နာရီက အရှေ့မော်တုန်းကျေးရွာအုပ်စု မော်တုန်းကျေးလက် ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်မာမာစု၊ သားဖွားဆရာမဒေါ်ခင်သော်တာစိုးနှင့် အရှေ့မော်တုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးသန်း၊ ရာအိမ်မှူးဦးစောထွဋ်တို့နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်း ကြိုတင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း၍ ကြီးကြပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Aug 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်အတွင်းနေထိုင်လျက်ရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ဆောင်ရွက်ပေးမည့် ပန်းခင်း စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့ ဟော်ဝင်းအဝင်လမ်း ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ကွန်ကရစ်လမ်း ခင်းခြင်းစတင်ဆောင်ရွက်
Aug 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ဟော်ဝင်း မြို့နယ်စုပေါင်းရုံးအဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးရေလာကောင်း မွန်ရေး အုတ်စီရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် Oxygen Plantစက်ရုံနှင့် ပတ်သက်သည့် အချက်အလက်စာရွက်စာတမ်းများအား စစ်ဗျူဟာအခြေချ (ခန္တီး) စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံက ပေးအပ်ရာခန္တီးခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နန်းမြတ်မြတ်မွှေးမှ လက်ခံရယူခဲ့သည်။
လက်ပံတန်း မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ကာကွယ်ရေး အစီအမံများဖြင့် ပင်စင်လစာ ထုတ်ပေး
Aug 22,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအတွက် ပင်စင်လစာများကို သြဂုတ်လ၂၃ရက်နေ့မှစ၍ ရပ်ကွက်အလိုက် စနစ်တကျ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင်ဆောက်လုပ်နေသော အောက်ဆီဂျင်စက်ရုံအဆောက်အအုံဆောက်လုပ်ပြီးစီးအောက်ဆီဂျင်စက်ရောက်ရှိပါက စတင်ပေးဝေနိုင်မည်
Aug 22,2021
မိတ္ထီလာတွင် ဇူလိုင်လအတွင်းက စတင်ဆောက်လုပ်ခဲ့သော အောက်ဆီဂျင်စက်ရုံအဆောက်အအုံ ဆောက်လုပ်မှု ပြီးစီးသွားပြီဖြစ်ပြီး အောက်ဆီဂျင်စက်ရောက်ရှိပါက စတင်ပေးဝေနိုင်မည်ဖြစ်ကြောင်း အဆိုပါအောက်ဆီဂျင်စက်ရုံအား တာဝန်ယူဆောက်လုပ်သည့် ဦးဆောင်စေတနာရှင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍  သတိပေးနှိုးဆော်
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ် အနီးတွင် ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လျက်ရှိရာ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက်  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ ညနေ ၅နာရီအချိန်က သတိပေးနှိုးဆော်ခဲ့သည်။