သတင်းများ

ရပ်စောက်မြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ “Call Center”များ ဖွင့်လှစ်
Aug 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ဖွင့်လှစ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံ သားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့် သောကဒ်တစ်မျိုးမျိုးထုတ်ပေးရန် (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂)ရက်နေ့အထိ ပန်းခင်း စီမံချက် ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ကျောက်ဆည်မြို့နယ် ငါးအိုးကျေးရွာနှင့် ရေပြစ်ကြီးကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ သတ္တမအအကြိမ်မြောက် ထုတ်ချေးပေး
Aug 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ငါးအိုးကျေးရွာနှင့် ရေပြစ်ကြီး ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ တွင် ငွေကြေးသုံးစွဲပြီး ဝင်ငွေတိုးပွားစေရေးအတွက် အရင်းမပျောက်မတည်လည်ပတ်ငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများအား ယနေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေး(Clean and Green City) ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှု ကိုးဆယ်ရာခိုင်နှုန်း ပြီးစီး
Aug 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေး(Clean and Green City) ဖော်ဆောင်ရေးရန်ပုံငွေ ကျပ်သန်း(၂၄၀)ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ လိပ်သိုမြို့ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ
Aug 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် အဖွဲ့၀င်များက ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့ သည်။
ဝက်လက်မြို့ တွင် စတုတ္ထအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင်၊ ယခု လတ်တလော ဖြစ်ပွားနေ သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတုတ္ထ အကြိမ်မြောက်ကို သြဂုတ်လ ၂၀ ရက်နေ့ က အသက် ၆၅ နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ ရဟန်းသံဃာများ၊ ဝန်ထမ်းများ ၊စျေးရောင်းချသူများကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ
Aug 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် မြောင်မြို့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ ညနေ(၄)နာတွင် ထီးလှိုင်ရှင်ခန်းမတွင် တွေ့ဆုံဆွေး ခဲ့ကြောင်း သိရှိရသည်။
ငွေဆောင်မြို့ စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ် - ၁၉ စည်းကမ်းချက်များ လိုက်နာမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေး
Aug 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်းရှိ စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှုရှိ/ မရှိကို ယနေ့ နံနက်(၇)နာရီအချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Aug 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချန်စံညွန်း ကိုက်ညီစေရေး၊ အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။