သာစည် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြည်သူ့ဆေးရုံတွင်အသုံးပြုနိုင်ရန် သာစည်မြို့ အမှတ်(၅)ရပ်ကွက်နေ ဒေါ်ခင်မိမိ အောင်သုခရွှေဆိုင်မိသားစုက Oxygen Concentrator ၈ လုံးကို ယမန်နေ့က လာရောက်လှူဒါန်းကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Oxygen Concentrator ၈ လုံးတွင် တစ်လုံးလျင်ငွေကျပ် ၁၆ သိန်းခွဲ တန်ဖိုးရှိ 10l ၇ လုံး နှင့် ငွေကျပ် ၈သိန်းတန် 5l ၁လုံး ကို အောင်သုခရွှေဆိုင်မိသားစုမှ ဒေါ်မြသန္တာက ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မင်းထူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။
အောင်သုခရွှေဆိုင်မိသားစုသည် ပထမတစ်ကြိမ်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ဆေးဝါး ငါးသိန်းဖိုးလှူဒါန်းထားရှိထားကြောင်းနှင့် သာစည်မြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအဆောက်အဦးကိုလည်း လှူဒါန်းထားကြောင်းသိရသည်။
ဦးထွန်းထွန်း