ထားဝယ် သြဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားလျော့ကျစေရန် ရည်ရွယ်၍ ထားဝယ်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ က အသွားအလာကန့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့နောက်ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးဝင်းနိုင်၊ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့ပူးပေါင်း၍ ထားဝယ်မြို့အတွင်း လူစည်ကားရာနေရာများ ဖြစ်သော ညောင်ပင်ကြီးလမ်းဆုံ၊ အုန်းတောလမ်းဆုံ၊ ကမ်းနားစျေးနှင့်မီးသတ်လမ်းဆုံများတွင် သွားလာနေသောအများပြည်သူအား အပြင်ထွက်ခွင့်ကတ်ပြားများဖြင့် စနစ်တကျသွားလာမှု ရှိမရှိ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ထားဝယ်မြို့နယ်အတွင်းသွားအလာကန့်သတ် ဆောင်ရွက်နေစဉ် ကာလအတွင်း ရုံးဝန်ထမ်းနှင့် စက်ရုံ အလုပ်ရုံလုပ်သားများအနေဖြင့် သက်ဆိုင်ရာနှင့် စက်ရုံ အလုပ်ရုံ များမှ ထုတ်ပေးသည့် စိစစ်ရေးကတ်ပြားများဖြင့် သွားလာ၍ ရကြောင်း၊ သွားလာသည့်အခါတွင် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်သို့သာ သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိစ္စ များတွင် ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု ယခုထက်ပိုမိုများပြားလာပါက အချိန်ကာလ ကန့်သတ်သွားလာခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပြင်ထွက်ခွင့်ကတ်ပြားများဖြင့်အိမ်ထောင်စုတစ်စုလျှင်(၁)ဦးနှုန်းဖြင့်သွားလာရမည်ဖြစ်ပြီးသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံး များထံ ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။