ပင်းတယ သြဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများအတွက် အောက်ဆီဂျင်လုံလောက်မှုရှိစေရန် အောက်ဆီဂျင်စက်ရုံများကို အများ ပြည်သူထည့်ဝင်လှူဒါန်းမှုဖြင့် ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့တွင် တည်ဆောက်သွားရန် စီစဉ်ထားရှိကြောင်းသိရသည်။
တည်ဆောက်သွားမည့် အောက်ဆီဂျင်စက်ရုံများအတွက် လိုအပ်သော (flow meter အပါအဝင်) 40 L Oxygen အိုးများ ဓနုဒေသ၊ပင်းတယမြို့သို့ ယမန်နေ့ညနေ့ ပိုင်းက ရောက်ရှိ လာပြီဖြစ်ကြောင်းနှင့်ပင်းတယမြို့နယ်အတွက် (၈၃) လုံးနှင့် ရွာငံမြို့နယ်အတွက် (၅၀) လုံးတို့ ဖြစ်ကြောင်းသိရသည်။
ပင်းတယ ( ပြန်/ဆက်)