မြောက်ဥက္ကလာပမြို့နယ်တွင် သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်များ လှည့်လည်ရောင်းချ
Aug 21,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီနှင့် ကြက်ဥများအား ရွေ့လျားမော်တော်ယာဉ်ဖြင့် ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက်တို့တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရ သည်။