ဟုမ္မလင်း သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့၌စိုးရင်အမှတ်သို့ ရောက်ရှိနိုင်ကြောင်းသိရသည်။
ဟုမ္မလင်းမြို့တွင် သြဂုတ်လ ၂၁ ရက်နေ့ နေ့လည်မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်အမှတ် ၂၉၀၀ စင်တီမီတာအောက် (၂၈၉၂) စင်တီမီတာသို့ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၈ စင်တီမီတာသာကျန်ရှိပြီး နောက် ၁ ရက်အတွင်း ကျော်လွန် ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်ကမ်းအနီးရှိကျေးရွာများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ဌာနဆိုင်ရာများက အသိပေးနိုးဆော်ထားကြောင်းသိရသည်။
ချန်လော (ဟုမ္မလင်း)